Main menu

ကန့်ဘလူခရိုင်၌ ရောင်းချလျက်ရှိသော ပန်းသီးဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ သစ်သီးဆိုင်များတွင် ပန်းသီးများ အများ အပြားရောင်းချလျက်ရှိကြောင်း၊ ပန်းသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချ လျက်ရှိကြောင်း သိရသည်။

          ပန်းသီးအမျိုးအစားများမှာ အလုံးကြီးနှင့် အလုံးသေးနှစ်မျိုးရှိပြီး ၂၀၂၅ ခုနှစ် ၊ ဧပြီလစတုတ္ထ ပတ်အတွင်း ကန့်ဘလူခရိုင်အတွင်းရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံးကြီး(၄)လုံးလျှင် ၁၀၀၀၀ ကျပ်၊ (၁)လုံးလျှင် ၂၅၀၀ကျပ်၊ ပန်းသီးအလုံးသေး(၁)လုံးလျှင် ၁၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် ပန်းသီးများအရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)