Main menu

“ငရုတ်စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ငရုတ်သီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင် ကျောက်ဆည်မြို့နယ်တွင် (၁၀၃)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၇၆၀)ဧက ၊ စုစုပေါင်း (၈၆၃)ဧက စိုက်ပျိုးပြီးစီပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည် ။ ငရုတ်မျိုးများအနေဖြင့် သာမို ၊ ဒီမွန် ၊ အက်စတာ၊ ၆၉၂၊ ကျားခေါင်း ငရုတ်မျိုးများကိုစိုက်ပျိုးကြပြီး ၎င်းမျိုးများအနက် ၆၉၂ ငရုတ်မျိုး များကို နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ထွက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည် ။ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု၊လုပ်သားခအပါအဝင်(၁၅၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ငရုတ်သီးဈေးနှုန်းအနေဖြင့် ငရုတ်သီးအစိုတစ်ပိဿာလျှင် (၃၃၀၀)ကျပ်၊ငရုတ်သီးခြောက်အညှာပါတစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်အညှာခြွေတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေ

ကြောင်း၊ငရုတ်ပွဲစားများမှစိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း၊ပွဲစားများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့တင်ပို့ ရောင်းချကြကြောင်း၊ငရုတ်စိုက်ပျိုးခြင်းဖြင့်အပိုဝင်ငွေရရှိသည့်အပြင် မိသားစုစားဝတ်နေရေးပါပြေလည်သည့်အတွက်ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ငရုတ်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)