Main menu

ဈေးကောင်းရနေသော ရာသီပေါ်မျှစ်

Powered by Drupal

    မြက်မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး အကြီးဆုံးနဲ့ အရှည်ဆုံးသော မြက်မျိုးရင်းဝင် အပင် တစ်မျိုးဖြစ်ပြီး ၎င်းကိုရက်သတ္တနှစ်ပတ် အရွယ်မတိုင်ခင် အမြင့်တစ်ပေ မပြည့်ခင်မှာ ခူးဆွတ်ထားတဲ့ ဝါးပင်ရဲ့ သားတက်လေးတွေပဲ ဖြစ်ပါသည်။ စားလိုက်ရင် ခပ်ကြွပ်ကြွပ်လေးနဲ့ စားကောင်းပြီး ထမင်း မြိန်စေပါသည်။ ယခုလို မိုးဉီးကျကာစ ကာလတွင် မျှစ်စို့လေးတွေ ပေါက်တဲ့အချိန်ဖြစ်ပြီး ရာသီစာ လည်းဖြစ် အိမ်ရှင်မများအတွက်လည်း ရာသီပေါ်ဟင်းလျာကောင်း တစ်မျိုးလည်းဖြစ်ပါသည်။ ပေါက်ခါစ မျှစ်စို့သည်နုသည်။ ချိုသည့်အရသာရှိသည်။ မျှစ်မှာလည်း အမျိုးအစား အများကြီး ရှိပါသည်။  လွယ်ကူစွာ ချက်ပြုတ်နိုင်တဲ့ ဟင်းလျာဖြစ်တာကြောင့် မျှစ်ကိုနှစ်ခြိုက်စွာ စားသုံးကြပါ သည်။ မျှစ်ကို အမျိုးမျိုး လုပ်စားနိုင်ပါသည်။ မျှစ်သည် အာဟာရဓါတ်များစွာပါပြီး မျှစ်ကြိုက်တဲ့ သူများအတွက် ကြော်ပဲစားစား၊ သုပ်ပဲစားစား၊ ဟင်းချို အဖြစ်ချက်သောက်တာ၊ အသားတစ်မျိုးမျိုးနဲ့ ကြော်စားနိုင်သည့်အပြင်  ပြုတ်၍လည်း ငပိရည်နဲ့တို့ စားကျပြီး  ကျန်းမာရေးအတွက်လည်း လွန်စွာ အထောက်အကူပြုလှပါသည်။ စားသုံးသူ ပြည်သူများအနေဖြင့် အမြင်လှအောင် မျှစ်ကိုအရောင် ဆိုးထားသည့် တားမြစ်ဆေးဆိုးထားသည့် မျှစ်များကို ရှောင်၍စားသုံးစေချင်ပါသည်။ ပေါ်ဦးပေါ်ဖျား ဖြစ်သည့် မျှစ်နုကို ပြည်မြို့အနီးတဝှိက် ရှိကျေးရွာများမှ အလေ့ကျပေါက်သော မျှစ်နုများကို ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြား ဈေးများတွင် ရောင်းချလျက်ရှိပြီး ရာသီပေါ်ဖြစ်သည့်အတွက် ဈေးကောင်းရပြီး အရောင်း အဝယ်ဖြစ် ကြောင်းသိရပါသည်။ မျှစ်နုတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်ထိ ဈေးကောင်းရပြီး လက်လီဝယ်စားသူ အတွက် မျှစ်တစ်ဆယ်သားလျှင် ကျပ် (၁၂၀၀) ပေးဝယ်ရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)