Main menu

စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၄.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီများ ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေနှင့် ဝန်ထမ်းများသည် ပြည်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေသော ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးရာ ဆီကုန်သည်ကြီးများအသင်းမှ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းခွဲများသို့ ဖြန့်ဖြူးရောင်းချထားသော စားအုန်းဆီများကို သက်ဆိုင်ရာ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းခွဲများမှ ဒေသတွင်းရှိ ဆီကုန်သည်များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ် ထပ်ပေါင်း၍ ၂% အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်တွင်းသို့ ပြန်လည် ဖြန့်ဖြူးရောင်းချပေးမှု ရှိ/မရှိနှင့် လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မရှိစေရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

DOCA(ပဲခူး)