Main menu

ပြည်မြို့၏ရုံးပတီသီးဈေးကွက်

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိဈေးကွက်များတွင်ရုံးပတီသီး ရှားပါး၍ ဈေးကောင်းရလျက်ရှိသည်။ ရုံးပတီပင်ကိုစိုက်ပျိုးပြီး(၄၅)ရက်အကြာတွင် ခူးဆွတ်ရောင်းချ၍ ရပြီး သက်တမ်းအားဖြင့် (၃)လကြာမြင့်သည်အထိခူးဆွတ်နိုင်ပါသည်။ ယခင်ကရုံးပတီသီးဈေးကွက်၊ ဈေးနှုန်းများအနေဖြင့်ကုန်စိမ်းပွဲစားများက စိုက်ခင်းထဲထိဆင်း၍ဝယ်ယူကြ၍ တစ်တောင့်လျှင် လက်ကားဈေး (၈)ကျပ်နှုန်းဖြင့်ရောင်းချကြောင်းသိရပါသည်။

   ယခုရုံးပတီသီး ပြည်ဈေးကွက်မှာ လက်လီဈေးတစ်တောင့်လျှင် (၄၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး အတောင့်(၁၀၀)လျှင် ၄၀၀ကျပ်၊ (၅)တောင့်လျှင် (၂၀၀)ကျပ် အထိ ရောင်းချလျက်ရှိပြီး များသောအားဖြင့် ရွှေတောင်မြို့နယ်ရှိရွာများမှ ရုံးပတီသီးစိုက်ပျိုးသူများထံမှ အများဆုံးတင်သွင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)