Main menu

ရာသီမရွေးစားသုံးနိုင်သော ချဉ်ပေါင်ဈေးကွက်

Powered by Drupal

ချဉ်ပေါင်ရွက်လို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်းမျက်လုံးထဲမြင်မယ်ထင်ပါသည်။ သုံးမြှောင့်ပုံအရွက်စိမ်းစိမ်းလေးတွေက အရိုးနီနီ ဒါမှမဟုတ် ရိုးတံစိမ်းစိမ်းလေးမှာ ရွက်ချင်းဆိုင်ပြီး အစီအရီပေါက်နေတတ်တဲ့ အပင်ငယ်ဖြစ်ပါသည်။ ချဉ်ပေါင်ပင်ကို အပူပိုင်းဒေသနှင့် သမပိုင်းဒေသများတွင် စိုက်ပျိုးနိုင်သည်။ အပူပိုင်းဒေသတွင် ချဉ်ပေါင်ပင် ပို၍ဖြစ်ထွန်းသည်။ 

လူသိများသော ချဉ်ပေါင်အမျိုးအစားများမှာ ရွှေဘိုချဉ်ပေါင်၊ လျှော်ချဉ်ပေါင်၊ ချဉ်ပေါင်လက် ခြား၊ ဆေးချဉ်ပေါင်၊ ချဉ်ပေါင်နီ၊ ဘိလပ်ချဉ်ပေါင်၊ ချဉ်ပေါင်ခါး၊ ဓာတ်ချဉ်ပေါင်၊ ချဉ်ပေါင်ကြီး၊ ကျောက်ချဉ်ပေါင်နှင့် ချဉ်ပေါင်ရိုင်းတို့ ဖြစ်ပါသည်။ ပေါက်ရောက်ပုံချင်းလည်း အကုန်တူပါသည်။ ကွဲပြားမှုက အရွက်ပုံစံနှင့် အရသာဖြစ်သည်။ ပြည်မြို့နယ်အနေဖြင့် ချဉ်ပေါင်ရွက်ကို ပြည်အနီး တဝိုက်ကျေးရွာ များဖြစ်သော မှော်ဇာ၊ တောင်လုံးညို၊ ခွေးရဲကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ထွက်ရှိလာသော ချဉ်ပေါင်ရွက်များကို ပြည်မြို့ပေါ်ရှိ ဈေးများအပြင် ရန်ကုန် ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့‌ ရောင်းချကြပြီး ဈေးနှုန်းအနေဖြင့် ချဉ်ပေါင်တစ်စီးလျှင် (၂၅၀-၃၀၀) ကျပ်နှုန်းများဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA (ပဲခူး)