
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ရာသီပေါ် ဟင်းသီးဟင်းရွက် မျိုးစုံနှင့် အသီးအနှံများကို စိုက်ပျိုးထုတ်လုပ် ရောင်းချလျက်ရှိရာ သရက်သီးမှည့်များ နတ်တလင်း ခရိုင်၊ နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း ယခု မေလ ဒုတိယပတ်၌ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေကြောင်း သိရပါသည်။ နတ်တလင်းမြို့နယ်၌ အဦးဆုံး ထွက်ရှိသော၊”ဦးပု” သရက်သီး မှည့်မျိုးများမှာ ဈေးကောင်းရရှိပြီး လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်းအနည်းငယ်လျော့နည်း သွားကြောင်းသိရပါသည်။ နတ်တလင်းမြို့နယ် အနေဖြင့် သရက်ပင်ကို ဧကလိုက် စိုက်ပျိုးခြင်း မရှိဘဲ တစ်ပိုင်တစ်နိုင်သာစိုက်ပျိုးကြပါသည်။
နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း၌ ဦးပုသရက်သီးမှည့်များ ဧပြီလစတုတ္တပတ်မှ စတင်ရောင်းချနေပြီး အသီးအရွယ်အစားကိုလိုက်၍ တစ်လုံး(၃၀၀-ကျပ်မှ၂၅၀-ကျပ်)နှုန်းဖြင့် ရောင်းချပြီး၊ ယခု မေလဒုတိယပတ်တွင် တစ်လုံး (၁၈၀-ကျပ်မှ ၁၅၀-ကျပ်)နှုန်းဖြင့်ရောင်းချနေ ကြောင်းသိရပါသည်။ နတ်တလင်းမြို့နယ်က ထွက်ရှိသော ဦးပုသရက်သီးမှည့် များကို ဒေသတွင်းနှင့် ကြို့ပင်ကောက်၊ ပေါင်းတည်၊ သုံးဆယ်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)