Main menu

ဇီးကုန်းမြို့နယ်၌ နွေစပါးများရိတ်သိမ်း

Powered by Drupal

     ပဲခူးတိုင်း (အနောက်) နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် နွေစပါးများ ဧပြီလ စတုတ္တပတ်မှ စတင်ရိတ်သိမ်းနေပြီး ဇီးကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ်တွင် နွေစပါးစိုက်   ဧက ၇၉၇၃-ဧက ဖြစ်၍  (၁၀.၅.၂၀၂၅)နေ့အထိ ဧက ၁၉၀၀ ခန့် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်    သက်ဆိုင်ရာဦးစီးဌာနတို့မှသိရသည်။

          ဇီးကုန်းမြို့နယ်တွင် နွေစပါးစိုက်ပျိုးမှုအား တောင်ညိုဆည်နှင့် ဘော်ဘင်ဆည်ရေ ရရှိမှု အလိုက် ဖေဖေါ်ဝါရီလ ဒုတိယပတ်မှစတင်စိုက်ပျိုးခဲ့ပြီး စပါးမျိုးများအနေဖြင့်  ဗီယမ်နမ် (၁၁၅)ရက် ၊ ရက် (၉၀)၊ ရက် (၁၀၀)နှင့် မျိုးသန့်ဆာပိုးသာ စပါးများ စိုက်ပျိုးကြောင်းသိရသည်။    လက်ရှိ နွေစပါးဈေးနှုန်းများမှာ တစ်တင်းလျှင် ပေါင် (၅၀)ဖြင့် တင်း(၁၀၀)လျှင် အစိုဓာတ် ပေါ်မှုတည်၍ ငွေကျပ် (၁၃၀၀၀၀၀) နှုန်းနှင့် ငွေကျပ်(၁၂၅၀၀၀၀)  နှုန်း ပေါက်ဈေးရှိပါကြောင်း သိရပါသည်။  အထွက်တင်းမှာ တစ်ဧကလျှင် ၁၂၀-တင်းမှ ၁၃၀-တင်း ထွက်ရှိကြောင်း  သိရသည်။

          နွေစပါးစိုက်တောင်သူများ အနေဖြင့် အောင်ရေရရှိမှု သင့်လျော်သောမျိုး ရွေးချယ်မှု၊ နည်းစနစ်မှန်ကန်မှု (          DRUM  SEEDER) အစေ့ချစနစ်နှင့် သွင်းအားစုအပေါ် အထွက်နှုန်း၊ ဈေးနှုန်းအခြေအနေအရ သင့်တင့်သောအကျိုးအမြတ် ရရှိနိုင်ကြောင်း  ဘုရားကြီးကုန်း  ကျေးရွာအုပ်စု ၊ သင်္ကန်းကျေးရွာ နွေစပါး ရိတ်သိမ်းဆဲတောင်သူတစ်ဦးထံမှ  လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)