Main menu

ပြည်ပုဇွန်ခြောက်ဈေးကွက်

Powered by Drupal

              ပြည်မြို့တွင်ရောင်းချနေသော ပုဇွန်ခြောက်များမှာ ရခိုင်ဘက်မှလာသော ပုဇွန်ခြောက်များ ရှိသလို ပုသိမ်ဘက်မှလာသော ပုဇွန်ခြောက်များလည်းရှိကြောင်းတွေ့ရှိရပါသည်။ ယခုလို မိုးရာသီ အချိန်တွင် အသား၊ ငါးများပေါများသော်လည်း ပုဇွန်ခြောက်ကတော့ ပုံမှန် အရောင်းအဝယ် ဖြစ်နေပါသည်။ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ဝင်သည့်ဒေသပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြား ပါသည်။ ဈေးနှုန်းအနေဖြင့် အရည်အသွေးကိုလိုက်၍ ကွာခြားလျှက်ရှိပြီး ယခုတစ်ပတ်တွင် ပုဇွန်ခြောက် အကောင် ကြီးရှယ် တစ်ပိဿာလျှင် ၇၅၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၆၅၀၀၀ကျပ်နှင့် အသေး တစ်ပိဿာလျှင် ၅၅၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ပုဇွန်ခြောက် အသေး (ကြပ်တင်ခြောက်)များအနေဖြင့်  တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)