Main menu

ပြည်မြို့၏သစ်တော်သီးဈေးကွက်

Powered by Drupal

     သစ်တော်သီးသည် မိုးရာသီသစ်သီးဝလံဖြစ်ပြီး သစ်တော်သီးကို အရောင်အသွေးနှင့် ပုံသဏ္ဍာန်တို့ပေါ်မူတည်ပြီး ယေဘူယျအားဖြင့် အာရှသစ်တော်သီးနှင့် ဥ‌ရောပသစ်တော်သီးဟူ၍ ခွဲခြားထားပါသည်။ အာရှသစ်တော်သီးသည် အရွယ်အစားမကြီးမားပဲလုံးဝန်းကာ အပေါ်ယံအခွံတွင် အစက်အပြောက်များပါရှိသည်။ ဥရောပသစ်တော်သီးများကမူ မှည့်လာသည်နှင့်အမျှ တဖြေးဖြေး ပျောပျောင်းလာပြီး အရည်ရွှမ်းလာကြသည်။

          မြန်မာနိုင်ငံတွင် သစ်တော်သီးကို သရေစာအချိုပွဲအနေဖြင့် စားသုံးလေ့ရှိသည်။ အခြားနိုင်ငံ များတွင် အချိုပွဲအနေဖြင့် စားသုံးရုံသာမက စည်သွပ်ဘူးများပြုလုပ်ခြင်း၊ ဖျော်ရည်နှင့် သစ်သီးခြောက်များပြုလုပ်ခြင်းဖြင့် ပုံစံမျိုးစုံ ထုတ်လုပ်ရောင်းချနေကြပါသည်။ ပြည်ဒေသရှိ ဈေးကွက်များ တွင်ရောင်းချနေသော ဈေးနှုန်းများအနေဖြင့် အကြီးအသေးပေါ်မူတည်ပြီး တစ်လုံးလျှင်၂၅၀၀ကျပ် မှ ၄၀၀၀ကျပ် နှုန်းထိ ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)