Main menu

မင်းလှမြို့နယ်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မေလဒုတိယပတ်တွင် ဖြစ်ပေါ်နေ သော အခြေခံစားသောက်ကုန်များဖြစ်သော ဧည့်မထဆန်တစ်ပြည်လျှင် ၃,၀၀၀ ကျပ်၊ ကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် ၂,၀၀၀ ကျပ်၊ (အလတ်) ၁,၈၀၀ ကျပ်၊ (အသေး) ၁,၅၀၀ ကျပ်၊ ကြက်သွန် ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ်၊ မြန်မာတစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်၊ ဂျင်းတစ် ပိဿာလျှင်  ၇,၀၀၀  ကျပ်၊ သကြားတစ်ပိဿာလျှင် ၅,၃၀၀ ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် ၆,၀၀၀ ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် ၉,၅၀၀ ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၄,၅၀၀ ကျပ်၊ ဆားတစ်ပိဿာလျှင် ၁,၅၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိပါသည်။

DOCA (ပဲခူး)