
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ မြို့မဈေးအတွင်းရှိ စားသောက်ကုန်လက်လီလက်ကားရောင်းချလျက်ရှိသော ရွှေမင်းသားဆိုင် ကြို့ပင်ကောက်မြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ဆားဈေးကွက်အခြေအနေကို သွားရောက်လေ့လာခဲ့ပါသည်။ ဆားသည် လူသားတိုင်းအတွက် ဟင်းချက်ရာတွင် မရှိမဖြစ်လိုအပ်သကဲ့သို့ ဆားတွင် အိုင်အိုဒင်းဓာတ်ပါဝင်သောကြောင့် လည်ပင်းကြီးရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်သဖြင့် ကျန်းမာရေးနှင့်ညီညွတ်ရန် အတွက်လည်း လိုအပ်ပါသည်။
ဆားတွင်နှစ်မျိုးနှစ်စားရှိရာ ၎င်းတို့မှာ ရိုးရိုးသာမာန်ဆားနှင့် အိုင်အိုဒင်းဓာတ်ပြည့်ဝသော ဆားဟူ၍ ရှိပါသည်။ ယခုလက်တလောအခြေအနေတွင် ဆားဈေးနှုန်းများ မြင့်တက်နေပြီး သင်္ကြန် ကာလမတိုင်မှီတွင် ရိုးရိုးသာမန်ဆားဈေးနှုန်းမှာ ၂၀,၀၀၀ ကျပ်နှုန်းနှင့် အိုင်အိုဒင်းဆားပြည့်ဝသော ဈေးနှုန်းမှာ ၂၅,၀၀၀ ကျပ်သာရှိပါသည်။ သင်္ကြန်ကာလကျော်ပြီး မေလအထိ ယခုအချိန်တွင် ရိုးရိုးဆား ၂၄၁ ပိဿာ ကီလိုအိတ်ကြီးတစ်အိတ်လျှင် ၃၀,၀၀၀ ကျပ်ဈေးနှုန်း၊ ပိဿာချိန်ဖြင့် တစ်ပိဿာ လျှင် ၁,၅၀၀ ကျပ်ဈေးနှုန်းဖြင့် (ထက်အောင်သာ) အိုင်အိုဒင်းဆား ၅၅ ထုတ်ပါ တစ်အိတ်လျှင် ၄၂,၀၀၀ ကျပ်ဈေးနှုန်း၊ အိုင်အိုဒင်းဆားတထုတ်လျှင် ၇၆၀/၈၀၀ ကျပ် စသည်ဖြင့် အမျိုးမျိုး ရောင်းချနေပါကြောင်း သိရှိရပါသည်။
DOCA (ပဲခူး)