
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ငပိ၊ငခြောက်၊ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀ ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ငပုတ်သင်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၅၀၀/ ၄၀၀၀/ ကျပ်၊အာဗြဲခြောက် အချိုခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၅၀၀/၄၀၀၀/၆၀၀၀ ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ရောင်းချလျက်ရှိပါသည်။အသားမြှောင်းခြောက် တစ်ဆယ် ကျပ်သား လျှင် ၂၈၀၀/၃၀၀၀ ကျပ်၊SP ခြောက် (ငဖီးမ) ခြောက် တစ်ဆယ်ကျပ်သားလျှင် ၁၈၀၀ ကျပ်၊ ငတံခွန်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀/၂၄၀၀/၂၈၀၀ ကျပ်၊ ကပ်ကူရံခြောက် ၁၀ကျပ်သား ၅၅၀၀/ ကျပ်၊ငရံ့ခြောက် ၁၀ကျပ်သားလျှင် ၄၀၀၀/၅၀၀၀/၆၀၀၀မှ ၁၂၀၀၀ကျပ်၊ငဇင်းပြားခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၀၀၀ ကျပ်ဈေးတို့ဖြင့် အသီးသီး ရောင်းချလျက် ရှိပါသည်။
ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး ၅၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသောပုဇွန်ခြောက်မှာ ၁၀၀၀၀/၁၁၀၀၀/၁၂၀၀၀/ ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များကို သာ အများဆုံး ဝယ်ယူစားသုံးကြကြောင်း ဈေးအတွင်း ငပိ၊ငခြောက်၊ပုဇွန်ခြောက် ရောင်းချသူ တစ်ဦးထံမှ သိရှိရပါ သည်။
DOCA(ပဲခူး)