Main menu

ခွင့်ပြုချက်မရှိ/သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးများအားရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

           သံတွဲခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးဆောင်၍ သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် FDA၊ မြို့နယ်စည်ပင်တို့ပါဝင်သော  ပူးပေါင်းအဖွဲ့သည်  (၄-၇-၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)ခန့်အချိန်တွင် သံတွဲမြို့ ဒွါရာဝတီမြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များသို့သွားရောက်၍ သက်ဆိုင်ရာ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆေးဝါးထောက်ခံချက် ရယူထားခြင်းမရှိသော ဆေးဝါးများ၊ သုံးစွဲရန်မသင့်တားမြစ်ထားသော တိုင်းရင်းဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ “ဝင်းပပ” ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ ထုတ်လုပ်သော “က္ကုစ္ဆာသယ” အခိုးပွင့်ဆေးနှင့် ဆင်တုံးမနွယ် အစာကြေလေနိုင်လျက်ဆား (၂)မျိုးအား တိုင်းရင်းဆေးဝါးမှတ်ပုံတင် နှင့် ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုချက်မရှိဘဲ ဈေးကွက်အတွင်း ဆက်လက်ရောင်းချနေခြင်း ရှိ/မရှိ နှင့်  “အာရှရွှေကြယ်”အမှတ်တံဆိပ် အဆစ်အမြစ်ရောင်ရောဂါ သောက်ဆေးအား အများပြည်သူသုံးစွဲရန် မသင့်သောဆေးဝါးဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ အသိပေးထုတ်ပြန်ထားသည့်အတွက် ၎င်းတိုင်းရင်းဆေးအား ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဈေးကွက်စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်း ရရှိပါသည်။

DOCA(ရခိုင်)