
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူအသိပညာပေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန် တောင်ပိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မေလ(၁၉)ရက်နေ့၊ နေ့လည်(၁၅:၁၅)နာရီအချိန်တွင် စားသုံးသူအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ စားသုံးသူအသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center တွင် ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဆွေနွယ်ဦးက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးအား စားသုံးသူကာကွယ်ရေး ဥပဒေမှ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် ပတ်သတ်၍ သိရှိလိုသည်များ မေးမြန်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများကို ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော် ပြပေးရမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ ကာကွယ်ရေး ဥပဒေပုဒ်မ အခန်း(၁၈) ပုဒ်မ(၄)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် ပုဒ်မခွဲ (၈)ခုတွင် ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များကို ထုတ်လုပ်တင်သွင်း ပြုလုပ်ရောင်းချပါက ပုဒ်(၇၃)အရ ပြစ်မှုများ ချမှတ်နိုင် ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)