Main menu

ချီလီနိုင်ငံသည် ဆယ်စုနှစ်တစ်ခုကျော်ကြာတရုတ်နိုင်ငံ၏ ထိပ်တန်းချယ်ရီ ရောင်းချသူအဖြစ် ရပ်တည်ခဲ့

Powered by Drupal

          တရုတ်နိုင်ငံ၏ ချယ်ရီတင်သွင်းမှုအများဆုံးရင်းမြစ်အဖြစ်ချီလီသည် ဆယ်စုနှစ်တစ်ခု ကျော်ကြာ ရပ်တည်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ အထွေထွေအကောက်ခွန် စီမံခန့်ခွဲရေး (GAC) ၏အချင်အလက်များအရ မေလ ၁၄ ရက်နေ့က ဖော်ပြခဲ့သည်။ ၂၀၂၅ ခုနှစ်၏ ဇန်နဝါရီလမှ ဧပြီ လအတွင်း တရုတ်နိုင်ငံသည် ချီလီနိုင်ငံမှ ယွမ် ၁၇.၅၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၄၄ ဘီလီယံခန့်) တန်ဖိုးရှိချယ်ရီသီးများကို တင်သွင်းခဲ့ပြီး ယင်းကာလအတွင်း လက်တင်အမေရိက နိုင်ငံမှ တင်သွင်းမှု စုစုပေါင်း၏ ၁၆.၂ ရာခိုင်နှုန်းရှိကြောင်း GAC ၏ အချက်အလက်များအရသိရ သည်။ ဇန်နဝါရီလမှ ဧပြီလအထိ နှစ်နိုင်ငံကုန်သွယ်မှုစုစုပေါင်းမှ ယွမ် ၁၆၃.၁၉ ဘီလီယံရှိပြီး လွန်ခဲ့သည့် နှစ်ကထက် ၅.၄ ရာခိုင်နှုန်းတိုးလာကာစံချိန်သစ်တင်ခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးအား စတင်ခဲ့ကြသည်။ ချီလီသည် တရုတ်နိုင်ငံနှင့် လွတ်လပ် သော ကုန်သွယ်မှု သဘောတူညီချက်ကို ပထမဆုံးလက်မှတ်ရေးထိုးသည့် လက်တင်အမေရိက နိုင်ငံဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံ၏ တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်သည်။ နှစ်နိုင်ငံကြားကုန်သွယ်မှုသည် ၂၀၀၆ ခုနှစ်တွင် ယွမ် ၇၀.၈၅ ဘီလီယံမှ ၂၀၂၄ ခုနှစ်တွင် ယွမ် ၄၃၇.၉၅ ဘီလီယံအထိမြင့်တက်လာပြီး ပျမ်းမျှနှစ်စဥ်တိုးနှုန်းမှာ ၁၁.၂ ရာခိုင်နှုန်းဖြစ်သည်။

DOCA(ရန်ကုန်)

Source : Xinhua