Main menu

ကျွန်းလှမြို့၌ ရောင်းချနေသော ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက် ဈေးနှုန်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကျွန်းလှမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့် ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက်ကို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဧပြီလ စတုတ္ထပတ်တွင်ရောင်းချနေသော ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက် ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၆၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၃၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၆၈၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဇီးတော်ဖီကို ဇီးသီးမှုန့်၊ထန်းလျက်၊သကြားစသည့်တို့ဖြင့် ပြုလုပ်ထားသည့်အတွက် ချဉ်ချိုအရသာပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)