Main menu

ကမ္ဘောဒီးယား-ထိုင်း ကုန်သွယ်ရေးဆက်ဆံမှုများ မြှင့်တင်ရန် ဆွေးနွေး

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Cham Nimul သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Tull Traisorat နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများမြှင့်တင်နိုင်ရေးနှင့်ပတ်သက်၍ ၉-၄-၂၀၂၅ ရက်နေ့ တွင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ နှစ်နိုင်ငံအကြား စီးပွားရေးနယ်ပယ်အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့်အတူ နိုင်ငံတော်အတွင်း ထိုင်းရင်းနှီးမြှုပ်နှံသူများ တိုးမြှင့်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။  ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိရောက်ရှိခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံသို့ ထိုင်းနိုင်ငံ၏ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၉.၂၃ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း United Nations Comtrade Database မှအချက်အလက်များအရသိရသည်။ ထိုင်းနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅.၆၉ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ စုစုပေါင်း ကုန်သွယ်မှု၏ ၂၈.၃ ရာခိုင်နှုန်းရှိခဲ့သည်။ ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ အဓိကတင်သွင်းသည့် ကုန်ပစ္စည်းများတွင် ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး စက်ယန္တရားများ၊ အစားအစာနှင့် ဟင်းခက်အမွှေးအကြိုင်များ၊ အဖျော်ယမကာနှင့် သစ်သီးဝလံများ ပါဝင်သည်။ ကမ္ဘောဒီးယား နိုင်ငံသည် သရက်သီး၊ ပီလောပီနံ၊ ပြောင်း၊ ငရုတ်ကောင်းနှင့် ပဲများကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ လျက်ရှိသည်။

DOCA(ရန်ကုန်)