Main menu

“မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းပြီး နယ်ဝေးသို့ပုံမှန် တင်ပို့နေ”

Powered by Drupal

       မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီဈေးမှာ ယခင်တစ်ပတ်ထက်အနည်းငယ် ကျဆင်းပြီး ရန်ကုန်နှင့် မော်လမြိုင်သို့ ပုံမှန်တင်ပို့ကာ ပဲခူးသို့ တင်ပို့မှုများကြောင်း သိရသည်။ယခုတစ်ပတ် မိတ္ထီလာမှ ရန်ကုန်သို့ (၁၂)ဘီးကား (၂/၃)ရက်ခြား တစ်စီးနှင့် ပဲခူးသို့ နေ့စဉ် (၆)ဘီးကားဖြင့် တင်ပို့နေသည်။ မလှိုင်မှလည်း မော်လမြိုင်သို့ တစ်ပတ်အတွင်း (၁၂)ဘီးကား ၃ စီးတင်ပို့ခဲ့ပါသည်။ ကားသယ်ခ နှုန်းထားအနေဖြင့် တစ်ပိဿာလျှင် ရန်ကုန်သို့ ၁၀၀ဝိ/-၊ ပဲခူးသို့ ၉၀ဝိ/-နှင့် မော်လမြိုင်သို့ ၁၂၀ဝိ/- ဈေးရှိပါသည်။ ကြက်သွန်နီဈေးအနေဖြင့် ယခင်တစ်ပတ်ဈေးအောက် တစ်ပိဿာ ၂၀ဝိ/- ကျဆင်းလာရာ လက်ရှိဈေးမှာ လက္ကားဈေး တစ်ပိဿာလျှင် ၁၂၀၀/-၊ ၁၃၀ဝိ/-ရှိပြီး လာမည့်ရက်များ၌ မြဝတီသို့ ကြက်သွန်နီ အသေးစများ တွဲကားဖြင့် တင်ပို့ရန် ပြင်ဆင်နေကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)