Main menu

တရုတ် EV ကုမ္ပဏီကြီးသည် ကမ္ဘောဒီးယားတွင် စတင်လည်ပတ်

Powered by Drupal

တရုတ်နိုင်ငံ၊ Shenzhen မြို့ အခြေစိုက် ထိပ်တန်းတရုတ်နိုင်ငံ ကုန်ထုတ်လုပ်ငန်းစုကြီး ဖြစ်သည့် BYD Auto Industry Co Ltd သည် ယခုနှစ် စတုတ္ထသုံးလပတ်တွင် ကမ္ဘောဒီးယားတွင် ၎င်း၏ ကားတပ်ဆင်စက်ရုံများ စတင်လည်ပတ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ပထမဥက္ကဋ္ဌ-၂  Sun Chanthol သည် ဖနွမ်းပင်မြို့ရှိ BYD Group ၏ အမှုဆောင်ဒါရိုက်တာ Xiao Haiping ဦးဆောင်သော တရုတ်ကိုယ်စားလှယ်အဖွဲ့အား ဂါရဝပြုတွေ့ဆုံခဲ့သည်။ အစည်းအဝေးတွင် ကိုယ်စားလှယ်အဖွဲ့ သည် ကမ္ဘောဒီးယားဈေးကွက်သို့ စတင်ဝင်ရောက်သည့် ကနဦးအဆင့်မှ ယခုနှစ်မကုန်မီ ကျင်းပမည့် ကားတပ်ဆင်ရေးစက်ရုံ၏ အုတ်မြစ်ချပြင်ဆင်မှုများအထိ ပံ့ပိုးကူညီမှုများအတွက် တော်ဝင်အစိုးရကို အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။ Sun Chanthol က ကမ္ဘောဒီးယားနိုင်ငံသည် အရှေ့တောင်အာရှတွင် BYD Group ၏ စီးပွားရေးလုပ်ငန်းများ အတွက်အဓိကစုဝေးရာအချက်အချာတစ်ခုအဖြစ် ကမ္ဘောဒီးယားကို ရွေးချယ်သည့်အတွက် ကုမ္ပဏီအား ကျေးဇူးတင်ရှိကြောင်းနှင့် နိုင်ငံတော်၏ ကြီးထွားလာနေသော စက်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ၎င်း၏အရေးပါမှုကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ Chanthol က CDC သည် တော်ဝင်အစိုးရ၏ single gateway အေဂျင်စီအဖြစ် ဆောင်ရွက် နေပြီး ကမ္ဘောဒီးယားတွင် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုများကို အဆင်ပြေချောမွေ့ စေရန် အမြဲ အသင့်ရှိနေကြောင်း၊ အဆင်ပြေသောရင်းနှီးမြှုပ်နှံမှုများကို ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ကားတပ်ဆင်ရေးစက်ရုံကို ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ်တွင် စတင်လည်ပတ်သည်နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ BYD ယာဉ်အသုံးပြုသူ အရေအတွက် သိသိသာသာတိုးလာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)