Main menu

ဆီသန့်စင်စက်ရုံများမှ ပဲပုတ်ဆီစျေးနှုန်း တိုးမြင့်ရန် ကြိုးပမ်းနေသဖြင့် အစည်းအဝေးပွဲပြုလုပ်တော့မည့် ကုန်သွယ်ရေးဝန်ကြီးဌာန

Powered by Drupal

ကုန်သွယ်ရေးဝန်ကြီးဌာနက စားသုံးရန်သင့်သော ဆီသန့်စင်စက်ရုံများမှ ပါကင်ပိတ် ပဲပုတ်ဆီ တစ် လီတာလျှင် Tk ၁၄ သို့မဟုတ် ၈ ရာခိုင်နှုန်း တိုးမြင့်ရန် ကြိုးပမ်းနေသဖြင့် ဧပြီလ၁၅ ရက်နေ့တွင် အစည်းအဝေးပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။ ဘင်္ဂလား‌ဒေ့ရှ် ဟင်းသီးဟင်းရွက်ဆီသန့်စင်စက်ရုံများ နှင့် ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်သောအဖွဲ့အစည်း Vanaspati တို့က ယခုနှစ် မတ်လ ၃၁ရက်နေ့တွင် လျော့ချားသော တန်ဖိုးဖြည့်အခွန် (VAT) အကျိုးခံစားခွင့် သက်တမ်း ကုန်ဆုံးသွားသဖြင့် ပဲပုတ်ဆီစျေးနှုန်းမြင့်တင်လိုကြောင်း သိရပါသည်။ အမျိုးသားအခွန်များ ဘုတ်အဖွဲ့သည် အစောပိုင်းတွင် သွင်းကုန်အဆင့်၌ VAT ကို ၅ ရာခိုင်နှုန်းအထိဖြတ်တောက်ခဲ့ပြီး ပြည်တွင်း ထုတ်လုပ်မှု နှင့် ကူးသန်းရောင်းဝယ်ရေး များတွင်လည်း သွယ်ဝိုက်အခွန်ပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း သိရပါသည်။ လျော့ချထားသော VAT သက်တမ်းကုန်ပြီးအဆုံးတွင် VAT စံသတ်မှတ်နှုန်းသည် ၁၅ ရာခိုင်နှုန်းထိ ပြန်လည်မြင့်တက်ခဲ့သဖြင့် ဆီသန့်စင်စက်ရုံများက ပဲပုတ်ဆီ လက်လီစျေးသည် တစ်ပုလင်းလျှင် Tk ၁၉၈ အထိ တက်လာနိုင်ကြောင်းပြောကြားခဲ့ပါသည်။

The daily star

DOCA(ရန်ကုန်)