ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ပင်းတယ၊ ရွာငံ၊ ပင်လောင်းနှင့် ကလောမြို့နယ်တို့တွင် သီးသန့်စိုက်ပျိုးထုတ်လုပ်လျက်ရှိသော ဝဥသီးနှံများမှာ ယခုနှစ်တွင် အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။ မိုးကြို၊ မိုးဦး၊ နွေဦးရာသီဟူ၍(၃)ရာသီ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခုကာ လထွက်ရှိနေသော ဝဥများမှာ မိုးဦးကာလစိုက်ပျိုးသည့် သီးနှံဖြစ်ပါသည်။ယခုကာလတွင် ထွက်ရှိပြီးသော ဝဥကုန်ပစ္စည်းလက်ကျန်နည်းပါးခြင်း၊ ဈေးကွက်ဝယ်လိုအားကျဆင်းခြင်းတို့ကြောင့် အနိမ့်ဈေးတွင် ရောက်ရှိနေပါသည်။၂၀၂၄ခုနှစ် နှစ်ပိုင်းကာလတွင် ဝဥခြောက်တစ်ပိဿာလျှင် (၂၈၀၀-၃၀၀၀) ကျပ်ဈေးရှိခဲ့ရာမှ ၂၀၂၅ခုနှစ် အခါလွန်ကာလတွင် တစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀)ကျပ်ဈေးသို့ ရောက်ရှိနေကြောင်း လေ့လာသိရှိရပါသည်။အသားတုထုတ်လုပ်ခြင်း၊ အသင့်စားခေါက်ဆွဲနှင့် ဝဥကြာဇံထုတ် လုပ်ခြင်းလုပ်ငန်းများ၏ကုန်ပစ္စည်းလိုအပ်မှုအပေါ်မူတည်သော ဝဥဈေးကွက်သည် လာမည့်ကာလများတွင် ဈေးကောင်းရရှိနိုင်ကြောင်း သုံးသပ်ရရှိပြီး ယခုကာလတွင် ဝဥ၏ဈေးနှုန်း၊ ဈေးကွက်သည် အနည်းငယ်အေးစက်လျက်ရှိပါကြောင်း လေ့လာရေးသားအပ်ပါသည်။
DOCA(ရှမ်း)