Main menu

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကင်ပလင်းရွက်ဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

   ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ကင်ပလင်းရွက်များကို စိုက်ပျိုးကြကြောင်း၊ ကင်ပလင်းရွက်များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဧပြီလ နောက်ဆုံးအပတ်အတွင်း ကင်ပလင်းရွက်(၁)ပုံလျှင်(၅၀၀)ကျပ်၊ ကင်ပလင်းရွက် (၃)ပုံလျှင်(၁၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ကင်ပလင်းရွက်များကို  အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များမှ ဝယ်ယူကြသဖြင့် ကင်ပလင်းရွက်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)