Main menu

‘တောင်ကြီးမြို့ရှိ ခရမ်းသီးဈေးကွက်’

Powered by Drupal

    ခရမ်းသီးတွင် ခရမ်းရောင်၊ အစိမ်းရောင်၊ အဖြူရောင် အခွံလေးတွေနဲ့ အရောင်အသွေး အမျိုးမျိုး ရှိနေတတ်သည်။ ခရမ်းသီးသည် အပြင်မှာ အရောင်အသွေးစိုစို အခွံရှိပြီး အတွင်းသားကတော့ဖော့လေးလို ပွပွလေးနဲ့ အစေ့လေးတွေပါဝင်ပါသည်။

   ခရမ်းသီးတွင် ဗီလာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ(6) နှင့် အဟာရများစွာ ပါဝင်ပြီး ရာသီမရွေး ထွက်ရှိသည့် သီးနှံဖြစ်ကြောင်းသိရပါတယ်။ ခရမ်းသီးအခွံမှာ အမျှင်ဓါတ်များစွာ ပါဝင်ကြောင်းသိရပါသည်။ ခရမ်းသီးကိုအတွင်းသားသာမက အပြင်ခွံပါစားသုံးနိုင်ပါသည်။ ခရမ်းသီးခွံက ကျန်းမာရေးအတွက် ကောင်းမွန်သည်ဆိုသော်လည်း အရမ်းရင့်နေရင် မစားသင့်ကြောင်းသိရသည်။ မစားခင်မှာ ရေထဲကို ဆားထည့်ပြီး ဆားရည်လေးနဲ့ သေချာသန့်စင်အောင် ဆေးကြောပေးပြီးမှ စားသုံးသင့်သည်။ ကျန်းမာရေးအတွက် ကောင်းကျိုးရှိသည်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း အလွန်အကျွံမစားမိဖို့တော့ လိုအပ်ပါသည်။

   ခရမ်းသီးကို ခရမ်းသီး သီးသန့်ချက်စား၍ရသလို မိမိကြိုက်နှစ်သက်ရာ အသားငါး၊ အသီးအနှံ နှင့်ရောစပ်၍သော်လည်းကောင်း၊ ခရမ်းသီးကိုမီးဖုတ်ပြီး သုပ်စား၍သော်လည်းကောင်း၊ အတို့အမြှပ် အဖြစ်သော်လည်းကောင်း မျိုးစုံပြုလုပ်စားသုံးနိုင်ပါသည်။

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ ဈေးများမှ ရောင်းချနေသော ခရမ်းသီး ဈေးနှုန်းများမှာ ခရမ်းသီး တစ်ပိဿာလျင် အလုံးကြီး (၂၀၀၀) ကျပ် မှ (၂၇၀၀) ကျပ်၊ အလုံးသေး (၁၅၀၀) ကျပ် မှ (၂၀၀၀) ကျပ်အထိ ရောင်းချပြီး၊ ခရမ်းကြွပ်သီးမှာ      တစ်ပိဿာ (၄၀၀၀) ကျပ်အထိရှိကြောင်း ပွဲရုံများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)