
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော် ဦးဆောင်သော ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ၊ တောင်ငူမြို့နယ် ဒုတိယမြို့နယ် တာဝန်ခံတို့ပါဝင်သော အဖွဲ့သည် ခရိုင်အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ တွင် အစားအသောက်၊ အလှကုန်နှင့် အိမ်သုံးဆေးဝါးများ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ပူးပေါင်းအဖွဲ့သည် ညောင်ပင်ဈေးရှိ ကုန်စုံဆိုင်များနှင့် အလှကုန်ဆိုင်များတွင် ရောင်း ချ လျှက်ရှိသော စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓါတု ဆေးဝါးများ ပါဝင်မှု ရှိ/ မရှိနှင့် သက်တမ်းလွန်/မလွန်တို့ကိုလည်းကောင်း၊ အမှတ်(၂၃)ရပ်ကွက် ခြင်္သေ့ဦးရှိ ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများရောင်းချခြင်းရှိ/မရှိနှင့် သက်တမ်းလွန်/ မလွန်တို့ကို လည်းကောင်း စစ်ဆေးခဲ့ပါသည်။
ပူးပေါင်းအဖွဲ့တွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခေတ္တခရိုင် တာဝန်ခံ ဒေါ်သူသူအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးအောင်ကိုကို၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဒေါ်သီတာစိုးနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးကြီးကြပ်(၁) ဦးမိုးကျော်သူတို့ ဦးဆောင်သောဝန်ထမ်းများ ပါဝင်ကြောင်း သိရပါသည်။
DOCA(ပဲခူ)