Main menu

ကန့်ဘလူမြို့နယ်၌ ကုလားပဲဈေးနှုန်းများ ဆက်လက်မြင့်တက်

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ် သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံကို ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာ များတွင် စိုက်ပျိုးကြပြီး ယခုအခါ ဈေးကွက်အတွင်း ကုလားပဲအသစ်များ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

  ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးလျက်ရှိသည့် ကုလားပဲသီးနှံမျိုးမှာ ထိုင်ဝမ်မျိုး၊ (929)မျိုး၊ (V2)မျိုးနှင့် (V7)မျိုးဟူ၍(၄)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဧပြီလ နောက်ဆုံးပတ်တွင် ကုလားပဲ အသစ် ထိုင်ဝမ်(၁)တင်းလျှင် (၆၇၀၀၀)ကျပ် ၊ ကုလားပဲ(929)(၁)တင်းလျှင်(၇၀၅၀၀)ကျပ်၊ ကုလား ပဲ(V2)(၁)တင်းလျှင်(၇၃၀၀၀)ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင်(၇၉၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအပတ်အတွင်း ကုလားပဲဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း၊ ကန့်ဘလူခရိုင်မှထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများ သို့တင်ပို့ကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)