Main menu

သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

Powered by Drupal

               ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် ၇.၇.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန်မားမြို့၊ ညောင်ကုန်းရပ်ကွက်ရှိ သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက် အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများကသတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ် ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ အရည်အသွေးစမ်းသပ်ရန်လိုအပ်သော ကုန်စည်နှင့် စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူက စမ်းသပ်နိုင်သည့်အခွင့်အရေးပေးခြင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုဖြစ်ပွားစေမည့်  ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကိုတိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက် ရောင်းချခြင်းတို့ကိုရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက် ဖြစ်စေသိသာထင်းရှားစွာ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကိုက်ညီမှုရှိ မရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် လာရောက်လျှောက်ထားဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)