Main menu

ဗီယက်နမ်တွင် Hyundai ရောင်းချမှုမတ်လတွင်ပြန်လည်နာလံထူ

Powered by Drupal

     မတ်လတွင် ဗီယက်နမ်၌ Hyundai ၏ကားရောင်းချမှုမြင့်တက်ခဲ့ပြီး နှစ်စတွင်အရောင်း နှေးကွေးပြီးနောက် အားကောင်းစွာပြန်လည်နာလံထူလာခဲ့ကြောင်း သိရပါသည်။ ဧပြီလ ၁၅ ရက် နေ့က TC Group ၏ထုတ်ပြန်ချက်အရ မတ်လတွင် Hyundai သည်ကားအစီးရေ ၅၃၆၈ စီး ရောင်းချခဲ့ရပြီး ဖေဖော်ဝါရီလကထက် ၇၇.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုမြင့်တက်လာမှုသည် ဗီယက်နမ်မော်တော်ကားဈေးကွက်တွင် စားသုံးသူဝယ်လိုအားပြန်လည် နာလံထူလာမှုကိုပြသနေကြောင်း သိရပါသည်။ ရောင်းချရသည့်မော်ဒယ်များတွင် Hyundai Accent သည် အစီးရေ ၁၀၄၉ စီးဖြင့် ထိပ်ဆုံးတွင်ဦးဆောင်နေပြီး ဖေဖော်ဝါရီလကထက် ၂ ဆ ကျော်မြင့်တက်ခဲ့ကာ ဗီယက်နမ်တွင် ၎င်းတို့၏ အရောင်းရဆုံးမော်ဒယ်အဖြစ်ရပ်တည်နေ ကြောင်း သိရပါသည်။ ၎င်း၏နောက်တွင် Hyundai Tucson က အစီးရေ ၁၀၄၆ စီးဖြင့် ရပ်တည် နေပြီး ဖေဖော်ဝါရီလကထက် ၂.၅ ဆမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အခြားရောင်းအားသိသာ စွာကြီးထွားခဲ့သည့်ကားမော်ဒယ်များတွင် Hyundai Creta၊ Santa Fe နှင့် Grand i10 တို့ ပါဝင် ကြောင်း သိရပါသည်။ SUV Hyundai Venue သည်လည်း အစီးရေ ၃၁၃ စီးဖြင့် ဖေဖော်ဝါရီလ ကထက် ၂ ဆကျော်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ မတ်လတွင် Hyundai ၏ Commercial မော်တော်ကားကဏ္ဍသည်လည်း အားကောင်းသောနလံထူသည့်လက္ခဏာပြသခဲ့ပြီး အစီးရေ ၁၁၅၈ စီးရောင်းချခဲ့ရကာ ဖေဖော်ဝါရီလကထက် ၅၈.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် Hyundai သည် ဗီယက်နမ်တွင် ကားအစီးရေ ၁၁၄၇၄ စီး ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ TC Group မှ တာဝန်ရှိသူ တစ်ဦးကလည်း ဝယ်ယူသူများအတွက် အကောင်းမွန်ဆုံးအတွေ့အကြုံပေးစွမ်းနိုင်ရန်အတွက် အရောင်းမြှင့်တင်ခြင်းနှင့် ရောင်းချပြီးဝန်ဆောင်မှုများကိုမြှင့်တင်ရန် ကုမ္ပဏီ၏ အာမခံချက်ကို ထပ်မံအတည်ပြုခဲ့ကြောင်း သိရပါသည်။

Vietnam Plus   

DOCA( ရန်ကုန်)