စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ဆွေနှင့် ဝန်ထမ်းများဦးဆောင်၍ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဈေးကွက်လေ့လာစောင့် ကြည့်စစ်ဆေးခြင်းကို ဇေယျာသီရိမြို့နယ်ရှိ ကျောက်ချက်ဈေးတန်းတွင် (၅-၇-၂၀၂၂)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်၌ ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့မှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြ ခြင်းရှိ/မရှိ စိစစ်ဆောင်ရွက်ခဲ့ပြီး “ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ " အား သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပေးရှင်းလင်း ပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ဈေးဆိုင်များအား ကြည့်ရှုစစ်ဆေးပြီး နံနက် (၁၂း၀၀) နာရီ အချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)