Main menu

အင်ဒိုနီးရှားသည် ဂေဟစနစ်ကို ကာကွယ်ရန်အတွက် ဒီရေတောများတွင် သစ်ထုတ်ယူမှုကို ရပ်တန့်

Powered by Drupal

အင်ဒိုနီးရှားနိုင်ငံ သစ်တောရေးရာဝန်ကြီးဌာနသည် ဂေဟစနစ်ကာကွယ်ရန်နှင့် ကာဗွန် ရောင်းဝယ်မှုကို အခွင့်ကောင်းယူရန် နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော ဒီရေတောများတွင် သစ်ထုတ် ယူခွင့် ပါမစ်ထုတ်ပေးမှုကို ရပ်ဆိုင်းလိုက်ကြောင်း အရာရှိတစ်ဦးက ဧပြီ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ သည်။ ကျွန်းစုတစ်ခုဖြစ်သည့် အင်ဒိုနီးရှားသည် ဒီရေတော အကျယ်အဝန်း ၃၄၄၀၄၆၄ ဟက်တာ ရှိပြီး သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန် အမျိုးအစား အမျိုးမျိုးအတွက် နေထိုင်ရာ နေရာဖြစ်သည်။ သစ်တောရေးရာဝန်ကြီးဌာန၏ ဒီရေတောပြန်လည်ထူထောင်ရေး ဒါရိုက်တာ Ristianto Pribadi က ဒီရေတောဧရိယာများတွင် လိုင်စင်ထုတ်ပေးရန် စိတ်ဝင်စားမှု တိုးလာကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးဌာနက ထုတ်ပေးသော ပါမစ်အားလုံးသည် သဘာဝပတ်ဝန်းကျင် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားတဲ့ လုပ်ငန်းတွေအတွက်သာဖြစ်ကြောင်း ၎င်းက ဆိုသည်။ သဘာဝပတ်ဝန်းကျင် ဝန်ဆောင်မှု လုပ်ငန်းများတွင် သစ်မဟုတ်သော ထွက်ကုန်များ အသုံးချခြင်း၊ ဂေဟစနစ် ခရီးသွားခြင်း နှင့် ကာဗွန်ရောင်းဝယ်ခြင်းတို့ ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။ ဒီရေတောများ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေထဲမှ တစ်ခုအနေဖြင့် အစိုးရဘတ်ဂျက်ကို လုံးလုံးလျားလျား မမှီခိုဘဲ ရင်းနှီးမြှုပ်နှံမှု ချဉ်းကပ်မှု လိုအပ်ကြောင်း ၎င်းကဆက်လက်၍ အလေးပေး ပြောကြားခဲ့ သည်။ အမျိုးသား ဒီရေတောမြေပုံ ၂၀၂၅ အ ရ အင်ဒိုနီးရှားတွင် ဒီရေတော ၇၆၉၈၂၄ ဟက်တာ ရှိ‌ကြောင်းသိရသည်။

Source : Xinhua     

DOCA(ရန်ကုန်)