Main menu

နို့ထွက်ပစ္စည်းစင်တာအား တောင်အာဖဂန်နစ္စတန်တွင်ဖွင့်လှစ်

Powered by Drupal

   အာဖဂန်နစ္စတန်‌တောင်ပိုင်း Kandahar ပြည်နယ်တွင် ပုဂ္ဂလိက ကဏ္ဍ၏ ပံ့ပိုးကူညီမှုဖြင့် နို့ထွက်ပစ္စည်းစင်တာတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေး၊ဆည်မြောင်းနှင့် မွေးမြူရေးညွှန် ကြားရေးမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ Mohammad Hanif Haqmal က ဧပြီလ ၁၈ ရက်နေ့ကပြော ကြားခဲ့သည်။ afghni ၈ သန်း (အမေရိကန်ဒေါ်လာ ၁၁၂၆၇၆ ဒေါ်လာ) အကုန်ကျခံ၍ တည်ဆောက် ထားသော နို့ထွက်ပစ္စည်းစင်တာသည် နာရီနှင့်အမျှ နို့လီတာ ၁၅၀၀၀ ထုတ်လုပ်နိုင်သည့် စွမ်းရည် ရှိကြောင်းသိရသည်။ ဒေသခံပြည်သူများအတွက်အလုပ်အကိုင်းအခွင့်အလမ်းများပေးအပ်ခြင်းနှင့် ဒေသခံများအား အိမ်မွေးတိရိစ္ဆာန်များမွေးမြူရန် တွန်းအားပေးခြင်းအပြင် ရွာသား ၃၀၀ ကျော်လည်း ဂေဟာသို့ နွားနို့စတင်ထောက်ပံ့ပေးနေပြီဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။ အသေးစိတ် အချက်အလက်များကိုမဖော်ပြပဲ အာဖဂန်နစ္စတန်ကြားဖြတ်အစိုးရသည် အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးရန်နှင့် ဆင်းရဲမွဲတေမှုလျော့နည်း‌ရေးအတွက် ဒေသတွင်းစီးပွားရေးကို တည်ငြိမ်အောင် အစွမ်းကုန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

Source : Xinhua

DOCA(ရန်ကုန်)