Main menu

သက်သာသောဈေးနှုန်းဖြင့်ဆန်ရောင်းချမှု

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊သာယာဝတီမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များမှ ဆန်ကိုသက်သာသောနှုန်းထားဖြင့် ဗွီနိုင်းချိတ်ဆွဲရောင်းချနေခြင်းကို ဇွန်လ(၂၄)ရက် နေ့မှစတင်ရောင်းချခဲ့ရာ ယနေ့အထိရက်မပြတ် နေ့စဉ်လူတစ်ဦးလျှင် (၂)ပြည်၊ (၃)ပြည်နှုန်း ရောင်းချပေးလျက်ရှိပါသည်။ယနေ့ ၂၄.၄.၂၀၂၅ရက်နေ့တွင် ဆန်စက်နှင့်ဆန်ဆိုင် (၁၉)ခု တို့မှ ဆန်အိတ်(၃၃)အိတ် လူဦးရေ (၄၆၈)ဦးအား ရောင်းချပေးပြီး ဖြစ်ပါကြောင်းနှင့်  လိုသလောက် သက်သာသောဈေးနှုန်းဖြင့် ဆန်ကုန်သည်များမှ ရောင်းချပေးထားပါကြောင်း သာယာဝတီမြို့နယ်မှ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချမှုအကြောင်း တင်ပြလိုက်ပါသည်။

DOCA(ပဲခူး)