
ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်းစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၁၉၇၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၁၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ယခင်အပတ်ဈေးနှုန်းထက် နှမ်းနက်(၁)တင်းလျှင်(၁၂၀၀၀)ကျပ်ခန့်၊ နှမ်းဖြူ(၁)တင်းလျှင်(၄၀၀၀) ကျပ် မြင့်တက်လာကြောင်း ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)