Main menu

ပွင့်လင်းရာသီဧရာရေထွက်ငါးပိ/ငါးခြောက်ဈေးကွက်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေနှင့်နီးစပ်မှုရှိသော ငပုတောမြို့နယ်တွင် ပင်လယ်ရေထွက်ကုန်ပစ္စည်းများထွက်ရှိပြီး ဒေသတွင်းစားသုံးမှုနှင့် အခြားဒေသများသို့လည်း တင်ပို့မှုရှိသလို ဧည့်ခရီးသွားအများစုမှာလည်း  အပြန်လက်ဆောင်ပစ္စည်းတစ်ခုအနေဖြင့်လည်း ဝယ်ယူလျက်ရှိကြောင်း ပုသိမ်မြို့ဈေးမကြီးအတွင်းရှိ ဒေါ်တင်တင်ဝင်း ငါးပိ/ငါးခြောက် ရောင်းဝယ် ရေးဆိုင်မှ သိရသည်။

         ပုသိမ်ဈေးကွက်အတွင်းရှိ ငါးပိ/ငါးခြောက်ပုဇွန်ခြောက်များကို ငပုတောမြို့နယ် အတွင်းရှိ ဟိုင်းကြီး၊ ပြင်ခရိုင်၊ သက္ကသောင်၊ အစင်းချိုင်၊ ဇီးဖြူဆိပ်ကျေးရွာများမှ အဓိကအများဆုံး ရောင်းချလျက်ရှိပြီး ငါးခြောက်၊ပုဇွန်ခြောက်ဈေးကွက်မှာ မိုးရာသီတွင် အရောင်းအဝယ်မသွက် အရည်အသွေးမှာလည်း ပွင့်လင်းရာသီလောက်ကောင်းမွန်မှုမရှိဘဲ ပွင့်လင်းရာသီရောက်မှသာ အရည်အသွေးကောင်းမွန်သော ပုဇွန်ခြောက်၊ငါးခြောက်အစုံလှိုင်လှိုင်ပေါ်သောရာသီဖြစ်ကြောင်း ပုဇွန်ခြောက်ဈေးနှုန်းမှာအကောင်အကြီးအပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ( ၁၄၀၀၀ )ဝန်းကျင်မှ(  ၁၂၀၀၀)ဈေးအတွင်းနှင့် ဈေးအတွင်း ရောင်းဝယ်လျက်ရှိပြီး ငါးပိဈေးနှုန်းမှာတစ်ပိဿာလျှင်( ၁၅၀၀၀ )ဈေးမှ( ၁၃၀၀၀ )ဈေးရှိပြီး ဈေးနှုန်းနှင့်အရောင်းအဝယ်သွက်လျက်ရှိကြောင်းဈေးကွက်မှသိရသည်။

DOCA(ဧရာဝတီ)