Main menu

ရွှေကျင်နှင့်ညောင်လေးပင်မြို့နယ်ရှိ ဓာတ်မြေသြဇာ ဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

            ရွှေကျင်မြို့ရှိ  ဓာတ်မြေသြဇာဈေးနှုန်းများအနေဖြင့်  ယခုဇူလိုင်လဆန်းပိုင်းတွင် ပုလဲ ဓာတ်မြေသြဇာ (ကောမတ်)  50 kg တစ်အိတ်လျှင် ၈၇၅၀၀ ကျပ်၊ ပုလဲ ဓာတ်မြေသြဇာ (ရွှေလယ်တော)  50kg  တစ်အိတ်လျှင် ၈၇၅၀၀ ကျပ်၊ ကွန်ပေါင်း ဓာတ်မြေသြဇာ (ကျွဲမင်း) 50kg တစ်အိတ်လျှင်  ၇၅၀၀၀ ကျပ်၊ ပိုတက်ဓာတ်မြေသြဇာ ( GBS  ပိုတက်)   50kg တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်၊ ပိုးသတ်ဆေး (အဆီဖိတ်)  1kg တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်၊ ပိုးသတ်ဆေး (ပန်ဒန်)      250g တစ်အိတ်လျှင် ၁၆၀၀၀ ကျပ် ၊ ပိုးသတ် ဆေး (ဂလန်း)      250g တစ်အိတ်လျှင် ၁၅၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇွန်လ စတုတ္ထပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းများအတက်အကျရှိသည်ကို တွေ့ရှိရပါသည်။

          ထို့အတူ ညောင်လေးပင်မြို့နယ်တွင် ယခုဇူလိုင်လဆန်းပိုင်းတွင် ကွန်ပေါင်း (ရွှေနဂါး)   50kg တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ ပုလဲသာ (ရွှေနဂါး)   50kg  တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ မြင်းပျံ ပုလဲ (သြဘာ)  50kg တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ဖျူရာဒါန် (သြဘာ)  500g တစ်ထုပ်လျှင် ၆၀၀၀ ကျပ်၊ သြဘာနွယ်စုံ (သြဘာ) ၁ လီတာ ၁ ဘူးလျှင် ၃၀၉၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇွန်လ စတုတ္ထပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းများ အတက်အကျရှိသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)