Main menu

နိုင်ငံခြားပညာသင်ကြေးငွေပေးချေမှုများ လက်ခံလိုက်သည့် ဘင်္ဂလားဒေ့ရှ် ဘဏ် (BB)

Powered by Drupal

ဘင်္ဂလားဒေ့ရှ် ဘဏ် (BB ) သည် နိုင်ငံခြားပညာရေးကျောင်းများတွင် ပညာသင်ကြား နိုင်စေရန်နှင့် ပြည်တွင်းစင်တာများတွင် ကျင်းပပြုလုပ်မည့် စာမေးပွဲများ အတွက် နိုင်ငံခြားငွေဖြင့် သက်ဆိုင်ရာ စာမေးပွဲကြေးနှင့် ဝင်ခွင့်ကြေးများ ပေးချေနိုင်စေရန် ခွင့်ပြုခဲ့ကြောင်းသိရပါသည်။ ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာစာတွင် BB သည် ဘဏ်များအား အင်္ဂလိပ်ဘာသာစာမေးပွဲများဖြစ်သော TOEFL ၊ SAT နှင့် အလယ်တန်း နှင့် အထက်တန်း သင်တန်းများ အတွက် ပြည်ပငွေလွှဲပြောင်းခြင်းများပြုလုပ်ရန် တရားဝင် စာမေးပွဲ စင်တာများ နှင့် စီမံခန့်ခွဲသူများထံမှ စာမေးပွဲကြေးနှင့် သက်ဆိုင်ရာ အသုံးစရိတ်များကို ဒေသတွင်းငွေ တာကာဖြင့် ကောက်ခံရန် ခွင့်ပြုထားကြောင်း သိရပါသည်။ ၎င်းအပြင် BB သည် ဘဏ်များအား စာမေးပွဲစင်တာများသည် သက်ဆိုင်ရာ နိုင်ငံခြားအာဏာပိုင်အဖွဲ့အစည်းများမှ မှန်မှန်ကန်ကန် တရားဝင်ခွင့်ပြုချက်ရရှိရမည်ဖြစ်ကြောင်း နှင့်  သတ်မှတ်ရက်များကို ချမှတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထပ်မံ၍ BB သည် ငွေလွှဲခြင်းဆိုင်ရာ လိုအပ်ချက်များတွင် အသေးစိတ်ပြေစာများ၊ အခွန်စာရွက်စာတမ်းများ၊ အချက်အလက်တိကျမှုကို အတည်ပြု ထားသည့် ကြေငြာချက်များ နှင့် နိုင်ငံခြားဖြေဆိုသူများကို ခွင့်မပြုခြင်းများ ပါဝင်ကြောင်း သိရပါသည်။ အစီရင်ခံမှု မှားယွင်းခြင်း နှင့် တွက်ချက်မှုမှားယွင်းခြင်းဖြစ်ရပ်များတွင် ငွေလွှဲသူသည် တာဝန်ယူရမည်ဖြစ်ပြီး လိုအပ်ပါက ငွေပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း BB က ထပ်ပေါင်းပြောကြားခဲ့ပါသည်။ အဆိုပါ ငွေလွှဲမှုများကို ဗဟိုဘဏ်သို့အကြောင်းကြားပြီး သတ်မှတ်ထားသော ဘဏ်ခွဲမှတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတကာ ငွေလွှဲ ကတ်များကိုလည်း အသုံးပြု၍ ဆောင်ရွက်နိုင်ကြောင်း နှင့် BB သည် ဘဏ်များအား အသေးစိတ် အီလက်ထရောနစ် မှတ်တမ်းများနှင့် အဆိုတင်သွင်းထားသော ပုံမှန်အစီရင်ခံစာများကို ထိန်းသိမ်းထားရန် တောင်းဆိုထားကြောင်း သိရပါသည်။

Source: The Daily Star

DOCA(ရန်ကုန်)