Main menu

မလေးရှား-တရုတ် စက်မှုပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးမြင့်တက်

Powered by Drupal

     မလေးရှားနှင့်တရုတ်နိုင်ငံတို့အကြား စက်မှုပူးပေါင်းဆောင်ရွက်မှုသည် ဘုံဖွံ့ဖြိုးတိုးတက်မှုများအတွက် အခွင့်အလမ်းသစ်များ ပေးဆောင်ခဲ့ပြီး တရုတ်နိုင်ငံ၏ တိုးတက်နေသော ဈေးကွက်သည် မလေးရှားနိုင်ငံ၏ စားအုန်းဆီလုပ်ငန်း၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း မလေးရှားအစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် ကုန်စည်ဒိုင် ဒုတိယဝန်ကြီး Chan Foong Hin က နှစ်နိုင်ငံသည် မြင့်မားသော အဆင့်ဖလှယ်မှုများကို ထိန်းသိမ်းထားပြီး ပိုမိုခိုင်မာသော ကုန်သွယ်မှုလုပ်ငန်းများကို မြှင့်တင်ကာ ကဏ္ဍများစွာတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၂၁၂ ဘီလီယံဒေါ်လာအထိ ရောက်ရှိခဲ့ပြီး တရုတ်သည် မလေးရှား၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ၁၆ နှစ်ဆက်တိုက် ရပ်တည်ခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မလေးရှားစားအုန်းဆီ ၏ အရေးကြီးဆုံးစျေးကွက်များထဲမှ တစ်ခုဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ မလေး ရှား၏ စားအုန်းဆီတင်ပို့မှုသည် ရင်းဂစ် ၁၀.၅၇ ဘီလီယံ (ဒေါ်လာ ၁၇.၄ ဘီလီယံခန့်) ရှိကြောင်း Chan က ပြောကြားခဲ့သည်။

Source: Khmer Times

DOCA (ရန်ကုန်)