Main menu

ကျောက်တံခါးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန ၊ကျောက်တံခါး မြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းသည် ကျောက်တံခါး မြို့နယ်တာဝန်ခံရုံးရှိ ဝန်ထမ်းများနှင့်အတူ ဇူလိုင်လ ၅ ရက်နေ့ ၊ နေ့လည်ပိုင်းက ကျောက်တံခါး ၊ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ဖဒို၊ မြို့ချောင်းရှိ စက်သုံးဆီရောင်းချလျက်ရှိသော အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          မြို့နယ်တာဝန်ခံပါဝင်သော အဖွဲ့သည် ကျောက်တံခါးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ ဖြစ်သော မြဝတီ (၁) ၊ မြဝတီ (၂) ၊ ခရေ ၊ Golden Gate ၊ Regency ၊ နေလင်းအောင် ၊ စိုးစံကျော် ၊ စိန်သဇင် ၊ လပ်ကီးမြင့်မိုရ် ၊ မိုးနတ်မယ် ၊ ဇေယျာညွှန့် ၊ လမ်းမင်းသား ၊ Golden Star စက်သုံးဆီ အရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးရာ အချို့ဆိုင်များ၌ ဆီဘောက်ချာများ ဝင်ရောက်လာသည်ကို တွေ့ရှိရပြီး အချို့ဆိုင်များတွင် ဆီဘောက်ချာများ ရောက်ရှိခြင်းမရှိသေး၍ လက်ကျန်ဆီနှင့် ရောင်းချနေသည် ကိုတွေ့ရှိရကြောင်း၊ ဆီဆိုင်များ အားလုံးသည် ကြော်ငြာဆိုင်းဘုတ်တွင် ကြော်ငြာထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)