Main menu

ပြည်ကြက်သွန်နီအဝင်နည်း၍ဈေးကျ

Powered by Drupal

           ယခုဧပြီလနောက်ဆုံးပတ်တွင် ပြည်ကြက်သွန်နီဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ အဝင်များ၍ ဈေးကျလျက်ရှိပြီး ယခင်လဈေးများထက်တစ်ပိဿာလျှင် ကျပ်(၄၀၀)နှုန်းခန့် ကျဆင်းလျက်ရှိနေသည်။ ပြည်ဈေးကွက်သို့ဆိပ်ဖြူ၊ တောင်တွင်းနှင့်အောင်လံဘက်မှ ကြက်သွန်နီ များ ပိဿာချိန် (၁၅၀၀၀)ပတ်လည်ခန့်အဝင်ရှိနေသဖြင့် ဧပြီလအတွင်း ပိဿာချိန် (၂)သိန်း ၅သောင်းခန့် အဝင်ရှိနေကြောင်းသိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများ ပြည်မြို့အနောက်ကမ်းရှိ ရေကြောင်းဖြင့်သွားလာရသောရွာများနှင့် နတ်တလင်းခရိုင်၊ သာယာဝတီခရိုင်တို့သို့ စီးဆင်းမှုများဖြင့် ပုံမှန်သာရောင်းဝယ်မှုရှိနေသည့်အတွက် ပြည်ဈေးကွက်အတွင်း အဝင်များသဖြင့် ပစ္စည်းလက်ကျန်များလျှက်ရှိပါသည်။ ဈေးနှုန်းအားဖြင့် ပြည်ဈေးကွက်ရှိလက်ကားပွဲရုံများတွင် ကြီး/လတ်/သေး တစ်ပိဿာလျှင် ကျပ် ၁၇၀၀-၁၈၀၀/၁၉၀၀-၂၀၀၀/၂၁၀၀-၂၂၀၀ နှုန်းတို့ရှိပြီးမြို့ပေါ်လက်လီဈေး အသေးများတွင် ကျပ် ၁၉၀၀-၂၀၀၀/၂၂၀၀-၂၃၀၀/၂၅၀၀နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)