Main menu

လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချနေသော ခြင်ဆေးခွေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

                ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊  သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့ စည်ပင်သာယာဈေးအတွင်းသို့ ၄.၇.၂၀၂၂ ရက်နေ့ ၊ နံနက် (၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ဦးစီးမှူး ဦးအောင်သိန်း ဦးဆောင်၍ ခရိုင်စားသုံး/ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ၊ မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေး ဌာနအဖွဲ့တို့ ပူးပေါင်း အဖွဲ့များလိုက်ပါလျှက် လက်ပံတန်းမြို့နယ် မြို့မဈေးအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ ခြင်ဆေးခွေများ ဖြန့်ဖြူး ရောင်းချရာတွင် ကုမ္ပဏီ၏ မှတ်ပုံတင်အမှတ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးနှင့်ပိုးသတ်ဆေးဌာနမှ ထုတ်ပေးထားသော ပိုးသတ်ဆေး မှတ်ပုံတင်အမှတ် ၊ ထုပ်ပိုးပစ္စည်းမှတ်ပုံတင်များ၊ သက်ဆိုင်ရာ အစိုးရ ဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များပါရှိသော ခြင်ဆေးခွေများကိုသာ ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)