Main menu

တောင်ငူမြို့နယ်အတွင်းရှိ ဆီစက်များသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒု-ဦးစီးမှူး ဦးနေစိုးထက်တို့သည် ဇူလိုင်လ ၇ ရက်နေ့က တောင်ငူမြို့နယ်အတွင်းရှိ ဆီစက်များသို့ သွားရောက်၍ ကြိတ်ခွဲ ထုတ်လုပ်နိုင်မှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပါသည်။

              တောင်ငူမြို့ပေါ်ရှိ ဆီစက်ကြီများအနက် ခိုင်ရွှေဝါဆီစက်နှင့် ဝင်းမိသားစုဆီစက်တို့မှာ ယခင်က ဝယ်ယူထားသော မြေပဲလက်ကျန်မျာနှင့် မန္တလေးမြို့မှ မှာယူသောမြေပဲများကို ကြိတ်ခွဲလျှက်ရှိပြီး ဒေါ်ခင်မာဝင်းဆီစက်မှာ နှမ်းဆီများကြိတ်ခွဲလျှက်ရှိနေသည်ကို တွေ့ရှိရပါသည်။ ဗိုလ်တစ်ထောင် ဆီစက်နှင့် စိန်ဒေါင်းဆီစက်များမှာ ပြုပြင်ထိန်းသိမ်းထားပြီး ရာသီချိန်တွင် အဆင် သင့် လည်ပတ်နိုင်မည့် ဆီစက်များဖြစ်ပါသည်။ ဒေါ်ဝင်းကြည်ဆီစက်နှင့် ဇမ္ဗူမြင့်ဆီစက်တို့မှာ ရာသီချိန်တွင် လည်ပတ်နိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။

              ဆီထွက်သီးနှံပေါ်ချိန်တွင် လျှပ်စစ်မီးပုံမှန်ရရှိပါက ဆီစက်လည်ပတ်ရေးအတွက် အဆင်ပြေမည်ဖြစ်ကြောင်း၊ တောင်ငူမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံများ၏ ထွက်ရှိမှုနှင့် တောင်ငူမြို့နယ်ရှိ ဆီစက်အင်အားမှာ မျှတလျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)