Main menu

ရေတာရှည်မြို့နယ် ရေနီမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

                 ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ရေနီမြို့တွင် ရောင်းချလျှက်ရှိသော အမှတ်တံဆိပ်ပါ စားသုံးဆီများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

              ရေတာရှည်မြို့နယ် ရေနီဈေးအတွင်း ရောင်းချလျှက်ရှိသော အမှတ်တံဆိပ်ပါ စားသုံး ဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရသော်လည်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာ ဆောင်ရွက်မှု အားနည်းသေးကြောင်း တွေ့ရှိရပါသဖြင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် ရောင်းချသူများအား အသိပေးခဲ့ပါသည်။

              အမှတ်တံဆိပ်ပါ စားသုံးဆီများသည် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်ထားသော ကုန်စည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)