Main menu

ပုဏ္ဏားကျွန်းမြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေး

Powered by Drupal

             ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဇူလိုင်လ (ရ)ရက် နေ့ နံနက်(၁၀:၃၀)နာရီတွင် ပုဏ္ဏားကျွန်းမြို့မဈေးအတွင်း ရောင်းချနေသော အလှကုန်ပစ္စည်း အရောင်းဆိုင်များသို့ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပုဏ္ဏားကျွန်းမြို့နယ်တာဝန်ခံ ဦးလှမောင်အေး (ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)၊ ပုဒ်မခွဲ(၄၁၊၄၂၊၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြပါရှိသော ကုန်စည်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားမပါရှိသော ကုန်စည်များကိုရောင်းချခြင်း တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ပါကြောင်း ဥပဒေပါပြဌာန်းချက်များအား ရှင်းလင်း အသိပညာပေး ပြောကြားခဲ့ပါသည်။

DOCA(ရခိုင်)