Main menu

အင်ဒိုနီးရှားနှင့် ဥ‌ရောပသမဂ္ဂ ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် ဆွေးနွေး

Powered by Drupal

     အင်ဒိုနီးရှားဒုတိယကုန်သွယ်ရေးဝန်ကြီး Dyah Roro Esti Widya Putri နှင့် နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ ဥရောပပါလီမန်ကော်မတီတို့သည် အင်ဒိုနီးရှား-ဥရောပသမဂ္ဂ(EU) ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်(CEPA)အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ Putri က ၎င်းတို့သည် ထိုသဘောတူညီချက်ပြီးမြောက်ခြင်းသည် နှစ်ဖက်စလုံးအတွက် ဈေးကွက်ယုံကြည်မှုကို မြှင့်တင်ပေးနိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ဒုတိယ ဝန်ကြီးသည် လတ်တလောကမ္ဘာ့ကုန်သွယ်ရေးမသေချာမှုများကြားတွင် ထို CEPA ၏ အကျိုး ကျေးဇူးရှိမှုအပေါ် အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ Putri က ဥရောပသမဂ္ဂပါလီမန် အနေဖြင့် စီးပွားရေးအဆင့်များကြားခြားနားချက်ကိုနားလည်ရန်နှင့် ၂၀၂၅ ခုနှစ်တွင် ဆွေးနွေးမှု များအောင်မြင်ရန်အတွက် ပိုမိုလက်တွေ့ကျသောချည်းကပ်မှုဆောင်ရွက်ရန် တိုက်တွန်းခဲ့ ကြောင်း သိရပါသည်။ Putri ၏အဆိုအရ ဥရောပသမဂ္ဂထံမှ တူညီသည့်လိုက်လျောညီထွေရှိမှုနှင့် လက်တွေ့ကျသောချည်းကပ်မှုသည် ဆွေးနွေးမှုများအဆုံးသတ်နိုင်ရန်အတွက် အလွန်အရေးပါ ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် Putri က ဥရောပသမဂ္ဂနှင့် အင်ဒိုနီးရှားအပါအဝင် များစွာသောကုန်သွယ်ရေးမိတ်ဖက်များအပေါ် အမေရိကန်၏ အကောက်ခွန်မူဝါဒကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးမသေချာမှုများမြင့်တက်ခြင်းနှင့်ရင်ဆိုင်ရစဉ်တွင် ထိုပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားသည် ဥရောပသမဂ္ဂထံမှ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ ဥရောပသမဂ္ဂ သို့အဓိကပို့ကုန်များတွင် စားအုန်းဆီ၊  ကြေးနီသတ္တုရိုင်း၊ စက်မှုသုံး monocarboxylic fatty acid၊ oil cake နှင့် solid residues တို့ပါဝင်ကြောင်း သိရပါသည်။

Ref..Antara News

DOCA (ရန်ကုန်)