Main menu

တောင်ကုတ်မြို့ အထက (၁)ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

              ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန တောင်ကုတ်မြို့မှ ဝန်ထမ်းများသည် မြို့နယ် ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ ကျန်းမာရေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၆-၇-၂၀၂၂)နေ့တွင် တောင်ကုတ်မြို့ အထက (၁) ကျောင်းမုန့်ဈေးတန်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်ရောင်းချသူများအား စား‌သောက်ကုန်များရောင်းချရာတွင် သန့်ရှင်းစွာပြုလုပ်ရောင်းချရေး၊ ယင်နားစာများမရောင်းချရန်၊ ဘေးဥပါဒ်ဖြစ်စေနိုင်သော ဓါတုဆေးဝါးများ၊ ဆိုးဆေးများပါဝင်သော စားသောက်ကုန်များမရောင်းချရန်၊ စားသောက်ကုန်များတွင် နိုင်ငံခြားဘာသာစကားဖြင့်ဖော်ပြထားသော၊ အများသူငှာဖတ်ရှု၍ နားမလည်နိုင်သော စားသောက်ကုန်များအား မရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားသော စားသောက်ကုန်ပစ္စည်းများကိုရောင်းချကြရန်၊ သို့မှသာ ကျောင်းသား/ကျောင်းသူ ကလေးငယ်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကိုဖတ်ရှုပြီး ဘေးအန္တရာယ်ကင်းရှင်းစေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ(သို့)အခြားဘာသာဖြင့် တွဲလျက်ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဦးစားပေး ရောင်းချကြရန်၊ အကယ်၍ ဈေးဆိုင်ရှင်များအနေဖြင့် ဥပဒေပြဌါန်းချက်အတိုင်း လိုက်နာဆောင်ရွက်မှုမရှိပါက လက်လီဝယ်ယူရောင်းချသူများဖြစ်စေကာမူ ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ပါကြောင်း အသိပညာ‌ပေးခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)