Main menu

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငါးချောင်း ဈေးနှုန်း/ဈေးကွက် အခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးအခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

   ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ တံငါလုပ်ကိုင်ကြသူများနှင့် ငါးအရောင်းအဝယ်လုပ်ကိုင်ကြသူများသည် ငါးဒိုင်များသို့သွင်းရာတွင် ဒေသတွင်းထွက်ရှိသည့် ငါးချောင်းသည်လည်း ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဧပြီလ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ ငါးချောင်း ဈေးနှုန်းများအနေဖြင့် ငါးချောင်း(အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးချောင်း(အလတ်)နှင့်(အသေး) တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)