Main menu

ကန့်ဘလူမြို့တွင် ဖြစ်ပေါ်နေသော မုံညှင်းထုတ် ဈေးနှုန်း အခြေအနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးအတွင်း ဈေးရောင်းချသည့် ဈေးသည်များနှင့် စားသုံးသူပြည်သူများ စည်ကားသိုက်မြိုက်လျက်ရှိရာတွင် မိသားစုစားဝတ်နေရေးအတွက် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြို့ နှင့်ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

   ကန့်ဘလူမြို့မဈေးအတွင်းရှိ မုံညှင်းထုတ်ဈေးနှုန်းမှာ ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ နောက်ဆုံး အပတ်တွင် မုံညှင်းထုတ် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ၂၅ကျပ်သား လျှင်(၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)