Main menu

ချောင်းဆုံမြို့နယ် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပ

Powered by Drupal

           မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းပြီး စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို (၅.၇.၂၀၂၂) ရက်နေ့ နံနက်(၁၁)နာရီက မြို့နယ်(ပြန်/ဆက်) လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

        ဆွေးနွေးပွဲတွင် မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိ ဒေါ်မိသူဇာနှင့် စားသုံးသူရေးရာဦးစီးဌာန ချောင်းဆုံမြို့နယ် တာဝန်ခံ ဦးပြည့်ဖြိုးဝေတို့က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် (၄) ရပ်အကြောင်း၊ စားသုံးသူနှင့်ပတ်သက်ပြီး ပြဌာန်းထားသည့်ဥပဒေ၊ ကုန်အညွှန်း အမှတ်အသားအကြောင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ရရှိသည့် အကျိုးကျေးဇူးများ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)