စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ၈.၇.၂၀၂၂ ရက်နေ့တွင် ဆီစက်လုပ်ငန်းရှင်များအား ပြည်နယ်ဦးစီးမှူးရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့ပြင် ဘီးလင်းမြို့နယ်တာဝန်ခံသည် ၈.၇.၂၀၂၂ ရက်နေ့တွင် ဘီးလင်းမြို့နယ်ရှိ ဆီစက် (၄) လုံးမှ လုပ်ငန်းရှင်များနှင့်လည်းကောင်း၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် ကျိုက်ထိုမြို့နယ်ရှိ ဆီစက် (၂) လုံးမှ လုပ်ငန်းရှင်နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းမှထွက်ရှိမည့် ဆီထွက်သီးနှံများအား ကြိတ်ခွဲနိုင်ရန် ဆီကြိတ်စက် လုံလောက်မှုအခြေအနေ၊ ၎င်းတို့၏ ဆီစက်များမှ တစ်နေ့ထုတ်လုပ်နိုင်မှုအခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချောထုတ်လုပ်နိုင်မှုအခြေအနေ၊ ဆီစက်များကို အဆင့်မြှင့်တင်နိုင်ခြင်း ရှိ/မရှိ စသည်တို့အား ဆွေးနွေးခဲ့ပါသည်။
DOCA(မွန်)