
ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီ များသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏ ကြက်သွန်နီ လက်ကျန် အခြေအနေများအား အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီ လက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ဧပြီလ (၂၈) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသ များဖြစ်သည့် ဆိပ်ဖြူ၊ ၊ မြင်းခြံ၊ မြစ်သား၊ မလိုင်ဒေသတို့မှ ကြက်သွန်နီ (၉၃၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှု ရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၇၂၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင် သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၂၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၇၀၀ ၊ အကြီးမှာ ကျပ် ၁၈၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၀၀ ၊ အကြီးမှာ ကျပ် ၁၃၀၀၊ ရှယ်မှာ ကျပ် ၁၄၀၀၊ မြစ်သား ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၄၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၁၀၀ ၊ အကြီးမှာ ကျပ် ၂၃၀၀၊ ရှယ်မှာ ကျပ် ၂၄၀၀၊ မလိုင် ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၅၀၀ ၊ အကြီးမှာ ကျပ် ၁၆၀၀၊ ရှယ်မှာ ကျပ် ၁၆၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။
ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ဆိပ်ဖြူနှင့် မြင်းခြံ ကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး မြစ်သားနှင့် မလိုင် ကြက်သွန်နီဈေးမှာ ဈေးအနည်းငယ်ကျသွားကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)